ကျွန်တော့ဆီ လာလည်ကြသော သူငယ်ချင်းများနှင့် မိတ်ဆွေများအားလုံးကို အမြဲကြိုဆိုလျှက်ပါ..... ချွတ်ယွင်းချက်လေးများ တွေ့ ရင်လည်းအကြံညံလေးများပေးနိုင်ပါတယ်....သူငယ်ချင်းများအားလုံးကို အမြဲလေးစားလျှက်...(သူရိန်)>

Monday, August 6, 2012

နောက်ဆုံး


အလွမ်းတွေကို
အလိပ်လိုက် ပိုး
အထီးကျန်ဝတ်ရုံကို ခြုံလို့
အိပ်မက်ကွင်းပြင်ကျယ်ထဲ
ကူးခတ်ခဲ့တယ် …..
နစ်လေ .. မွန်းလေ
မွန်းလေ….နစ်လေပါပဲ
သမုဒယ သက်သက်
ပကာသနတွေ
အနာတရတွေ ညစ်ပေနေတဲ့
အတိတ်တွေကိုတော့
မေ့ထားချင်ခဲ့တယ် ….

စတေးခဲ့သမျှက
အရာမထင်ခဲ့တော့
သွေးကြောင်လို့
နောက်ဆုတ်ခဲ့တယ်ပဲ ထင်ပေါ့ ….
ချစ်သူ ထားခဲ့တဲ့
အဲဒီ့ အလွမ်းတွေကို
ခေါင်းခု အိပ်စက်ရုံကလွဲပြီး
ဘာမှ မတတ်နိုင်ခဲ့ဘူး ….

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လာလည်တဲ့အတွက်ကျေးဇူးပါ