ကျွန်တော့ဆီ လာလည်ကြသော သူငယ်ချင်းများနှင့် မိတ်ဆွေများအားလုံးကို အမြဲကြိုဆိုလျှက်ပါ..... ချွတ်ယွင်းချက်လေးများ တွေ့ ရင်လည်းအကြံညံလေးများပေးနိုင်ပါတယ်....သူငယ်ချင်းများအားလုံးကို အမြဲလေးစားလျှက်...(သူရိန်)>

Thursday, August 16, 2012

သစ္စာပန်းလေး လန်းနိုင်ပါစေ..


 
ငိုမရောင် ပြိုမရောင် မဲနေသော မိုးကြီးလေကြီး ကျတော့မည်ထင်သည်…………..
မီးရထား လမ်းပေါ်တွင်း ခေါင်းငိုက်စိုက်လျှောက်နေသော ကောင်လေး တစ်ယောက်…………..

သူ့ လက်လေးထဲမှာတော့… တယ်လီဖုန်းလေး…….. “ တယ်လီဖုန်း……. ကိုင်ပါအုံး…….
အမောပြေ စကားသံလေးတွေ……. တီတီတီ………. လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်……”

ကောင်မလေးရယ်… မင်းပေးထားတဲ့ ကတိတွေ ကိုမေ့ပစ်လိုက်တာလား……..


ဟိုး အရင်တုန်းကတော့ အချစ်ဆိုတာကို သုံးနှစ် သုံးမိုး ချစ်မှ
အချစ်စစ်လို့ ခေါ်တွင်ကြတယ်.. ကျွန်တော်လက်ခံတယ်လေ… ဖြစ်နိုင်တာပဲ
အဲလောက်ကြာရှည်မှ အချစ်ဆိုတာ တည်မြဲမှာပေါ့….

အဲဒီနောက်ပိုင်း မှာ ကျွန်တော် ကြားဖူးတဲ့ အချစ်က မြင်မြင်ချင်း အချစ်
ဖြစ်နိုင်ပါ့မလားနော်… ဒါပေမယ့် တကယ့်လက်တွေ့ တွေ သာဓကတွေ ရှိတော့
ကျွန်တော်လက်ခံရမှာပေါ့…

ကျွန်တော်တို့ ခေတ်ကတော့ သိပ်ကိုတိုးတက်လွန်းပါတယ်…. တစ်နေရာနဲ့ တစ်နေရာ
ကမ္ဘာ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ကိုတောင် ဆက်သွယ်နိုင်အောင် တီထွင်ထားတဲ့
အင်တာနက်ဆိုတဲ့ကွန်ယက်စနစ်ကြီးထဲ မှာ အမှတ်မထင် ခလုတ်တိုက်
တွေ့ဆုံခဲ့ကြတယ်.. ကျွန်တော့ တို့ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြဘူး
မတွေ့ဖူးကြဘူး ခင်မင်ရင်းနှီး လာရင်းနဲ့ သံယောဇဉ်တွေ တိုးပွားပြီး
ကူးပြောင်းလာတဲ့ အချစ်ကို တော့ ကျွန်တော် မယုံချင်လဲ မရပါ ဘာလို့လဲ
ကျွန်တော် သူမကို သိပ်ချစ်တယ် ကျွန်တော် ကိုယ်တွေ့ပဲလေ.. သိပ်ချစ်တယ်……
ကောင်မလေးရယ်…

ကျွန်တော် အလုပ်က သင်္ဘောသားဆိုတော့ သင်္ဘောနားတဲ့ အချိန် အပေါင်း အသင်းတွေ
နဲ့ ရှိတာကလွဲရင် တစ်နေ့ တစ်နေ့ အလုပ်နားတော့ ပျင်းစရာတော့ ကောင်းတာပေါ့
ဒါကြောင့် အိမ်မှာ အင်တာနက်လေး ချိတ်ပြီး G talk, Facebook နဲ့
အခြားဆိုဒ်တော်တော်များများမှာ မန်ဘာအဖြစ်ဝင် သတင်းလေးတွေဖတ်..
ပို့စ်လေးတွေလိုက်ဖတ် ကဗျာလေးတွေ လိုက်ဖတ် ကိုယ်ပိုင် ကဗျာလေးတွေ
လိုက်ဖတ်နဲ့ မြန်မာများစုဝေးရာ ဆိုဒ်လေးထဲ ကို ကျွန်တော်ရောက်လာတယ်
လူအများစကားပြောခန်းတဲ့ ကျွန်တော် စိတ်ဝင်စားသွားတယ် ကျွန်တော်
ဝင်ကြည့်လိုက်တဲ့ အချိန်မှာ ရာချီတဲ့ မန်ဘာတွေက စနောက် ပြောဆိုနေကြတာ
တွေ့ရတယ် တော်တော်လေး ပျော်ဖို့ကောင်းတယ်ဗျ ဒါနဲ့ ကျွန်တော်လဲ ၀င်ပြီး
စနောက်ကြတာပေါ့….

အဲမှာ သူမနဲ့ ကျွန်တော် အမှတ်မထင် တွေ့ဆုံခဲ့တယ်….
ရင်းနှီးပွင့်လင်းစွာစနောက် ပြောဆိုတတ်သည့် သူမလေးကို ကျွန်တော်
စတင်ခင်မင်မိသည်။ သူမကို ကျွန်တော် ကိုယ်တိုင်ပင် မိတ်ဖွဲ့ခဲ့ပြီး သူမနဲ့
ခင်မင်လာခဲ့တယ်….။ အမှတ်မထင် တစထက် တစတိုးပွားခဲ့တဲ့ သံယောဇဉ်
ကြိုးကိုတော့ သူမသတိမပြုမိဘူးလား……..။ မိဘတွေ ချုပ်ခြယ်မှုတွေထဲ
ရှင်သန်နေတဲ့ သူမ ဘ၀ကို ကြည့်ပြီး ဂရုဏာပိုခဲ့မိတယ်….၊ သူမနှင့်
တွေ့တိုင်း ကျွန်တော့မျက်နှာမှာ အပြုံးရိပ်လေးတွေ ခိုအောင်းလာခဲ့တယ်….
ချစ်စဖွယ် အမူအရာလေး နဲ့ နွဲ့နွဲ့လေးဆိုးတတ်တဲ့ သူမကို ကျွန်တော်
အကြင်နာပိုခဲ့တယ်လေ… နောက်ပိုင်း ကျွန်တော် သူမနဲ့ ဖုန်းလေးတွေ
ပြောဖြစ်လာတယ်……

ဖုန်းလေး ပြောခွင့်ရပြီး နောက်ပိုင်း သူ့ အပေါ်ကျွန်တော် သံယောဇဉ်လေးတွေ
ပိုမို နှောင်တွယ်လာခဲ့တယ်… သူမဖုန်းလေး အလာကို ကျွန်တော်မျှော်ရတာ
ကျွန်တော့ အကျင့်ဖြစ်နေပြီ…. ဒါကြောင့် သူမဖုန်းလာရင်
ခွဲခြားသိနိုင်အောင် ဖုန်းသံလေးတောင် ပြောင်းထားတယ်…..

“မြည်ပါကွယ်.…..တယ်လီဖုန်းလေး……… တယ်လီဖုန်းလေး…… ဝေးသွားလဲ မင်းကို တမ်းတတယ်….

မြည်ပါကွယ်.…..တယ်လီဖုန်းလေး……… တယ်လီဖုန်းလေး….. အမြဲတမ်းပဲ မင်းအသံလေး
ကြားချင်….”

ကျွန်တော် ဒီသီချင်းသံလေး ကြာရင် အပျော်ဆုံးပေါ့…..

“ဟလို……….”

“ကိုကိုလား……….. ထမင်းစားပြီးပြီလား”

“………………….”

ဒါတွေကတော့ က

ကျွန်တော်နေ့တိုင်းကြား ရတဲ့ မရိုးနိုင်တဲ့ သူမ အသံလေးပဲလေ…
ဖုန်းပြောခွင့်ရတော့လဲ ချစ်စဖွယ် အသံချွဲချွဲလေးတွေက ကျွန်တော့ကို
မချစ်ပဲ မနေနိုင်အောင်.. တွန်းပို့ခဲ့ပါတယ်… သူမက တစ်ဦး တည်းသော
သမီးလေးမို့ ကျွန်တော့ကို အကို တစ်ယောက်လို ခင်မင်တွယ်တာ ဆိုးနွဲ့
တာတွေကို ကျွန်တော် အခွင့်အရေး ယူမိမှာ စိုးတယ်….

တခါကလေ သူမ ဖုန်းအလာ မစောင့်နိုင်ပဲ သူမဖုန်းလေးကို ဆက်လိုက်ရင်လဲ….
“တယ်လီဖုန်း………. ကိုင်ပါအုန်း………အမောပြေစကားသံလေး များကြားချင်လို့….
ချစ်တဲ့အကြောင်းတွေ အများကြီးပြောချင်လို့….”

သူမ ရဲ့ ဖုန်းလေးမှ ထွက်လာတဲ့ တီးလုံးသံလေးက ကျွန်တော့ကို
လှောင်နေသလိုပဲ… ကျွန်တော်ပြုံးမိတယ်…. သူမ ကျွန်တော့ စိတ်ကို သိလို့များလား သူမဖုန်းရဲ့ waing tone ဖုန်းသံလေးချိန်းထားတာလား? ကျွန်တော် သူမရဲ့ waiting tone
လေးနားထောင်ရတာကို ကျေနပ်မိတယ်.. သီချင်းသံလေး နောက်မှာ ပေါ်လာတဲ့ သူမ
အသံလေးဆို ပြောစရာပင် မလိုအောင် ကျွန်တော် မြတ်နိုးမိတယ်…

“ဟလို………. ကိုကို… ညီမလေး ဆက်မလို့ပဲ ဖွားဖွားတို့ကို ကူနေရလို့…”

“အင်းပါ… ဒါနဲ့ ညီမလေး ”

“ဟုတ်ကဲ့…. ကိုကို ပြောလေ…..”

“ညီမလေး waiting tone လေးပြောင်းထားတာလား….”

သူမ ငြိမ်သက်စွာ ရှက်ရွံသွားပုံပဲ….. ပြီးမှ… အသံ တိုးတိုးလေး နဲ့ “ဟုတ်ကဲ့” တဲ့..

ကျွန်တော်ထပ်ပြီး မေးလိုက်တော့ သူမ ဖုန်းထဲမှာ.. ကျွန်တော့ ဖုန်းလေး
လာရင် လာတဲ့ Ring tone လေးက ကျွန်တော်နဲ့ ဆင်တူပဲလေ…..

ကျွန်တော် မြင်နိုင်ပြီလေ… သူမရင်ထဲကို ကျွန်တော် ဘယ်လောက်
နေရာယူထားပြီးပြီလဲဆိုတာကိုလဲ…

ကျွန်တော် သူမကို သိပ်မကွာချိန်လေးမှာပဲ သူမကို ကျွန်တော်
ဖွင့်ပြောလိုက်တယ်… သူမ ကျွန်တော့ အချစ်ကို ပြန်လက်ခံလိုက်တယ်..
ကျွန်တော်တို့ နှစ်ယောက် သိပ်ပျော်ရွှင်ရတယ်… သိပ်ပွင့်လင်းတဲ့ သူမ ကို
ကျွန်တော် သိပ်ချစ်သလို သူမရဲ့ ယုယမှုလေးတွေက လဲ ကျွန်တော့ အတွက်တော့ ကြည်နူးမဆုံးပါပဲ…….. သူမကသိပ်ဖြူစင်တဲ့ ကလေးလေးနဲ့ တူတယ်…
ကျွန်တော်တော့ သူမ အချစ်ကို ရလို့ သိပ်ကံကောင်းတယ်…

ကျွန်တော် သူမကို သိပ်ချစ်တယ်.. ဖြစ်နိုင်ရင်တော့သူမ အနားမှာ တဖ၀ါးမှ
မခွါပဲနေချင်တာပေါ့… ဒါပေမယ့်လည်းလေ.. ကျွန်တော် သူမလေးနဲ့ ဘ၀ ကို
တည်ဆောက်ဖို့ ကြိုးစားရမယ်လေ…. ဒါကြောင့် ကျွန်တော် ကျွမ်းကျင်တဲ့
အလုပ်ဖြစ်တဲ့ သင်္ဘောကို ပြန်တက်ရအုံးမှာပေါ့…. သူမကို
ကျွန်တော်သိပ်ချစ်တယ်….. ပြီးတော့ သူမကို ကျွန်တော်ယုံတယ်.. ကျွန်တော်က
သူမ အတွက် တစ်ဦးတည်းသော အချစ်ဦးတဲ့…. ပျော်လိုက်တာ.. ဒါလေးနဲ့တင်
ကျေနပ်ပါပြီ….. သူမတို့ သူငယ်ချင်းတွေနဲ့ ကျွန်တော် တို့ သူငယ်ချင်းတွေ
ထဲမှာ ကျွန်တော်တို့ အတွဲက အများ အားကျစရာ အတွဲလေးပဲ….
သိပ်နားလည်မှုရှိကြတယ်လေ……….

ကျွန်တော် စိုးရိမ်တာက တော့ ခဏခဏ သူမနေမကောင်းဖြစ်တာလေးပဲ…………..

ကျွန်တော်သွားရတော့မယ်ဆိုတော့ သူမ ငိုလိုက်တာ… ကျွန်တော်လေ သူမမျက်ရည်တွေ
မြင်ရင် ရင်ကိုခွဲပြီးဆားနဲ့ ပက်သလို ခံစားရတယ်.. သူမ မျက်ရည်တွေ
ကျွန်တော်မလိုလားဘူးလေ.. သူမ ပျော်ရွှင်နေတဲ့ ရီသံလေးတွေကို
ကျွန်တော်စွဲလန်းခဲ့တယ်…

“ချစ်လေး ဘာလို့ ငိုတာလဲ ကွာ.. ချစ်လေး နဲ့ ကိုကို ဘ၀ အတွက် ကိုကို
အလုပ်သွားလုပ်တာ ချစ်လေး ငိုနေရင် ကိုကို ဘယ်လောက် စိတ်မကောင်း
ဖြစ်ရမယ်ဆိုတာ ချစ်လေး မသိဘူးလား…”

ခုချိန်ထိ ကျွန်တော်မမေ့နိုင်ဘူး ဘယ်လို ချော့ချော့ မတိတ်ပဲ ကျွန်တော့
ရင်ခွင်ထဲ ခေါင်းလေးတိုးပြီးငို နေတဲ့ သူမ မျက်နှာလေးကို….

ကျွန်တော်သူမ ကိုချစ်သူလို ချစ်ခဲ့သလို ညီမလေးလိုလဲ ချစ်တယ်.. သူငယ်ချင်း
တစ်ယောက်လိုလဲ အစစ အရာရာ တိုင်ပင်ခဲ့တယ်….. ကျွန်တော့ကို
လေယာဉ်ကွင်းလိုက်ပို့တဲ့ နေ့ကတော့ သူမ သိပ်နေမကောင်းဘူး ဖြူဖျော့တဲ့
လက်လေးတွေနဲ့ ကျွန်တော့လက်လေးကို ဆွဲထားတယ်….. အချိန်နီးတော့
မဖြုတ်ချင်ပေမယ့် တွဲထားတဲ့ လက်လေးကို ဖြုတ်ခဲ့လိုက်ရတယ်…

“ ချစ်လေး ကိုကို့ ကို ချစ်လား……….”

“ သိပ်ချစ်တာပေါ့ ကိုကိုရယ်….. ”

“ ဒါဆို ချစ်လေးကိုကို့ ကိုစောင့်နေနော်….”

“……………”

သူမ နှဖူးလေး ကို အသာလေး ငုံ့နမ်းပြီး ကျွန်တော်ထွက်လာခဲ့တယ်… သူမ
မျက်နှာမှာ မျက်ရည်စက်လေးတွေနဲ့………..

ကျွန်တော် သိပ်ချစ်တဲ့ သူမနဲ့ ကျွန်တော် ဘယ်ခွဲချင်ပါ့မလဲ…
ဒါကကျွန်တော်တို့ ၂ ယောက် အတွက်ပဲလေ……….

လေယာဉ်ကြီး အရှိန် အဟုန်ပြင်းစွာ… ကမ္ဘာမြေပြင်ရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး
ပြန်တက်သွားနိုင်ပေမယ့်….. ကျွန်တော်ကတော့….. သူမရဲ့ စွဲအားကို
မရုန်းထွက်နိုင်ခဲ့ဘူး…….

သူမ နေ့တိုင်း E mail လေးတွေ ပို့မယ်လို့ ကတိပေးခဲ့တယ်… ကျွန်တော်ကလဲ
ကမ်းဆင်းရတဲ့အခါတိုင်း သူမထံ ဖုန်းဆက်သွယ်ခဲ့တယ်… သူမက တကယ့်
သစ္စာရှင်လေးပဲ… သူမရဲ့ ဖုန်းကို ခေါ်လိုက်ရင်ပဲ တယ်လီဖုန်း အတွင်းမှ
ကျွန်တော့ကို ရည်ညွှန်းထားတဲ့ သံစဉ်လေး ရဲ့ နောက်က ပေါ်ထွက် လာတဲ့ သူမရဲ့
ချစ်စဖွယ် အသံလေး ကြားတိုင်း ကျွန်တော့ အတွက် ပင်ပန်းတာတွေ ပြေပျောက်ရ
စမြဲပဲ……….အင်တာနက် ကွန်နက်ရှင် ရတိုင်း သူမ ပို့တဲ့ မေး(လ်)လေးတွေနဲ့
သီချင်းလေးတွေ သူမ ဓာတ်ပုံလေး တွေကို ဖတ်ရှူပြီး သူမထံ စာလေး
ပြန်ရတာပေါ့……. သူမရဲ့စာတွေကတော့ မေး(လ်) လေးဖွင့်လိုက်တာနဲ့
ရက်စွဲလေးနဲ့ ပျက်ကွက်မရှိ မတူညီတဲ့ စာသားလေး များနဲ့ လွမ်းချင်းများကို
ကျွန်တော် ဖတ်ရှုရပါတယ်… သူမကို ကျွန်တော်လဲ…… အသက်အမျှ ချစ်ရပါတယ်………..

ကောင်မလေးရေ………. သိပ်လွမ်းတယ်ကွာ…………………

ဒီလိုနဲ့ ဒီတစ်ခေါက် ကမ်းဆင်းရတော့ ကျွန်တော် သူမကို ပျော်စရာကောင်းတဲ့
သီတင်းလေး ပြောပြမလို့ပါ…ကျွန်တော် သူမနားကို ပြန်လာတော့မယ်လို့လေ….
ကျွန်တော် နောက် ၂ ပတ်နေရင် ကျွန်တော် သင်္ဘောဆင်းတော့မယ်လေ… ဒါပေမယ့်
ကောင်မလေးစာတွေ အရင်လို အပြည့်အ၀ မဟုတ်တော့ဘူး... ပျက်တစ်ရက်
လာတစ်ရက်နဲ့လေ…. စာသားတွေက တော့ ကျွန်တော့ကို လွမ်းတဲ့ အကြောင်းတွေကလဲ
သိပ်မလေးနက်တော့သလိုပဲ ခံစားရတယ်…… သူမ ရေးတဲ့ စာတိုင်းမှာပါတာကတော့
ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ပါပဲ……. ကျန်းမာမှ ချမ်းသာနိုင်မယ်..
ကိုယ်ခန္ဓာကျန်းမာဖို့ကို အထူးဂရုစိုက်ဖို့တော့ စာထဲမှာပါတယ်…
အဲဒါထက်ဆိုးတာက ကျွန်တော့ ဆီစာမရေးတာ ၁၀ ရက်ကျော်နေပြီလေ… လွန်ခဲ့တဲ့ ၁၅
ရက်က စာက ကျွန်တော့ဆီ နောက်ဆုံးဝင်ထားတယ်……..ကျွန်တော့်ကို
မချစ်တော့လို့လား အချစ်တွေများ ပေါ့သွားပြီလား…. ကျွန်တော့မှာတော့
လပေါင်းများစွာ ဒီစာလေးတွေ ဖတ်ရဖို့ သူအသံလေး ကြားရဖို့ ကြိုးစာနေတာ…..
သူမဘာလို့လဲ အသစ်များတွေ့နေပြီလား……………. သူ့မထံဖုန်းဆက်တော့လဲ………………….

“ တယ်လီဖုန်း……. ကိုင်ပါအုံး……. အမောပြေ စကားသံလေးတွေ……. တီတီတီ……….
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်……”

ကျွန်တော့ ရင်တွေ ကွဲအက်ရတာပေါ့…. ကျွန်တော် အထပ်ထပ် ခေါ်ဆိုတယ်…
မရပါဘူး……… ကျွန်တော်ကြံရာမရဘူးလေ ကျွန်တော် သူမသူငယ်ချင်းတွေ
ဆီဖုန်းဆက်တယ်…. သူငယ်ချင်းတွေက မသိသလိုလို….. မဟုတ်သလိုလို ရေရာတိကျတဲ့
အဖြေ မပေးဘူး အားလုံးဖြေတာက သူမရှိနေပါတယ်.. သူမဖုန်းသံမကြားလို့
မကိုင်တာနေမှာပေါ့… ကျွန်တော်လိုချင်တဲ့ အဖြေကို တစ်ယောက်မှ
မပေးနိုင်ခဲ့ဘူးလေ………..

မြန်မာပြည်ကို မပြန်ခင် ၂ ပတ်ကတော့ ကျွန်တော့ ဘ၀ရဲ့ ငရဲမီးပါပဲ….
ကျွန်တော် အရင်လို မတက်ကြွတော့ဘူး ကျွန်တော် အလုပ်လုပ်နေတာတွေလဲ အရင်လို
အဓိပ္ပာယ် မရှိတော့ဘူးလေ.. အဓိပ္ပာယ်မဲ့ ခဲ့ရပြီလေ………..
ကျွန်တော်အရမ်းစိတ်လေခဲ့တယ်……………. သူမဘာလို့ လဲ ကျွန်တော်သိပ်ချစ်တာ
သူမသိနေတာပဲ သူမ ရှင်းပြမယ်ဆိုရင် ကျွန်တော် အရာအားလုံးကို
ခွင့်လွှတ်နိုင်တယ် ခုတော့……………..

လေယာဉ်ကြီး မြန်မာ့မြေကို အရှိန် အဟုန်နဲ့ ထိုးဆင်းသွားခဲ့တယ်….
အရင်တစ်ချိန်က ဒီနေ့ရက်လေးတွေကို ကျွန်တော် သူမနှင့် အတူတူ
လက်ချိုးရေတွက် နေခဲ့တယ်…. ခုကျွန်တော်ပြန်ရောက်လာတော့ သူမ………………. ……..

ကျွန်တော် လေယာဉ်ကွင်းရောက်တော့ သူမကို မျှော်မိတယ်လေ… ကျွန်တော်
ပြန်လာမယ်ဆိုတာ အီးမေးပို့ထားတယ်…. လာကြိုစေချင်တယ်လို့လဲ
ရေးထားတယ်………….. သူမ သူငယ်ချင်းတွေကိုလဲ ကျွန်တော်
ပြောပြခိုင်းထားတယ်လေ………………. ကျွန်တော်ရှာနေမိတဲ့ မျက်လုံး အစုံဟာ..
ကျီးကန်းတောင်းမှောက်ဆိုတာထက်တောင် ဆိုးဦးမှာပေါ့…………….

ကျွန်တော် စိတ်တွေ လေးလံစွာနဲ့ အိမ်ကိုပြန်ခဲ့တယ်….. ကျွန်တော်
မကျေနပ်နိုင်ဘူး………. သူမသူငယ်ချင်းဆီ ဖုန်းဆက်ပြီး သူမသူငယ်ချင်းနဲ့
သွားတွေ့တယ်.. အဲမှာကျွန်တော်သိလိုက်ရတာက…………..

သူမ ကင်ဆာရောဂါကြောင့် ဘန်ကောက်မှာ....... ဆေးကုသ ခံနေတယ်တဲ့…………. သူမ
ရောဂါတွေ နဲနဲလေး သက်သာတာနဲ့ သူမ ကျွန်တော့ထံ အီးမေးတွေပို့တယ်တဲ့…… ပြီးခဲ့တဲ့
လ ကသူမခွဲစိတ်တယ်တဲ့ သူမဆီက အီးမေး(လ်) နောက်ဆုံးရတဲ့ နေ့က
သူမခွဲစိတ်ခန်းဝင်တဲ့နေ့တဲ့လေ…..

ကျွန်တော့ စိတ်တွေ လေးလံသွားတယ်… ကျွန်တော် ထင်ထားတဲ့ အတိုင်းသာ
ဖြစ်လိုက်ပါတော့လား ကောင်မလေးရယ်… နောက်ချစ်သူ အသစ်တွေ့သွားတယ်ဆိုတဲ့
သတင်းပဲ ဖြစ်လိုက်ပါတော့လား….. ခုတော့ တောင်းပန်ပါတယ်ကောင်မလေးရယ်……….
မင်းရဲ့ သစ္စာတွေကို ငါ စော်ကားမိသွားပြီ……

သူမ ခွဲစိတ်မှု အောင်မြင်၏ မအောင်မြင်၏ ဆိုတာကိုတော့ သူမတို့ မသိရသေးဘူး
သူမမှာ ဒီရောဂါဝေဒနာ ခံစားရတာကို ကျွန်တော့ကို ပေးမသိဖို့လဲ သူမ
သူငယ်ချင်းတွေကို မှာထားသေးတယ်တဲ့……….

ကောင်မလေးရေ……… မင်းရဲ့ သစ္စာစောင့်သိမှုတွေအတွက် ကိုယ်ဘယ်လို ပေးဆပ်ရမလဲကွာ……….

ငိုမရောင် ပြိုမရောင် မဲနေသော မိုးကြီးသည်းထံစွာ ရွာချလိုက်လေသည်…………..

မီးရထား လမ်းပေါ်တွင်း ခေါင်းငိုက်စိုက်လျှောက်နေသော ကောင်လေး တစ်ယောက်…………..

သူ့ လက်လေးထဲမှာတော့… တယ်လီဖုန်းလေး…….. “ တယ်လီဖုန်း……. ကိုင်ပါအုံး…….
အမောပြေ စကားသံလေးတွေ……. တီတီတီ………. လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်……”

ခပ်လှမ်းလှမ်းမှာလဲ….. မီးရထားမှ……….. “ပေါ်………………….ပေါ်………………..”

ကောင်မလေးရေ……………. မင်းကိုသေသွားရင်တောင် ကိုယ်ဝေးခွင့်မပေးနိုင်ဘူး……………

မီးရထားသံ တဖြေးဖြေးနဲ့ နီးကပ်လာပါတယ်…………………

အဲအချိန်မှာ ကောင်လေး လက်ထဲက ဖုန်းလေး အသက်ဝင်လာပါတယ်………

“မြည်ပါကွယ်.…..တယ်လီဖုန်းလေး……… တယ်လီဖုန်းလေး…… ဝေးသွားလဲ မင်းကို တမ်းတတယ်….

မြည်ပါကွယ်.…..တယ်လီဖုန်းလေး……… တယ်လီဖုန်းလေး….. အမြဲတမ်းပဲ မင်းအသံလေး
ကြားချင်….”

ရုပ်တရက်အေးစက်တောင့်တင်းသွားပြီး ဖုန်းလေးကို
ကိုင်လိုက်မိတယ်….သူမီးရထားလမ်း လယ်ခေါင်မှာ မတ်တပ်ကြီးရပ်နေမိတယ်……….

“ ကိုကို…………. ကိုကို…………. ဘေးကို ဆင်းလေ…. ရထားလာနေပြီ………”

ထိုချိန်မှ သူသတိဝင်သွားတယ်………….. ကျွန်တော့်ရဲ့ ကောင်မလေး…………….
သူမအသံလေး ပျောက်ကွယ်သွားတယ်…………….

“ဂျုန်း……………..ဂျုန်း…………………………ဂျုန်း………………………………….”

……………………………………………………………….

…………………………………………..

……………………………

………………

အချိန်က မိနစ်ပိုင်းလေ…………………… တစ်မိနစ်..လား နှစ်မိနစ်လား………….သုံးမိနစ်လား………….

ကျွန်တော်ဘာတွေ လုပ်လိုက်မိတယ် မသိတော့ဘူး………………..

ကျွန်တော်သိတော့ ကျွန်တော် မီးရထားလမ်းဘေးမှာ………… ခွေခွေလေး လဲနေတယ်…
ကျွန်တော့် ဘေးမှာ ကျွန်တော့် သူငယ်ချင်းပါ………….. သူကတော့
ဒေါနဲ့မောနဲ့..ကျွန်တော့်ကို…..

“မင်းသိပ်သေချင်နေလား………………………………………..

…………………………………………………….

………………………………………….”

ကျွန်တော်မကြားနိုင်တော့ဘူး သူပြောနေတာ ကျွန်တော် ဘာကိုမှ မကြားတော့ဘူး
မီးရထားကြီး ကျွန်တော့်ဘေးကဖြတ်သွားပြီး အဆုံးမှာ…
ကျွန်တော်တွေ့လိုက်ရတယ်…………………..


အိမ်မက်မက်နေတာလား………………
ဟုတ်တယ် သူမပါ သေချာပါတယ်……… ဖြူဖျော့ဖျော့ မျက်နှာလေး နဲ့ အနွေးထည်လက်ရှည်
အရောင်ဖျော့ဖျော့လေး အဖြူရောင်ဦးထုပ်လေးနဲ့………. မျက်လုံးနှစ်လုံးကို
စုံမှိတ်ပြီး လက်လေးနဲ့အုပ်ထားတယ်………………

ကျွန်တော် သူမဆီ အပြေးလေးထွက်သွားခဲ့တယ်………………. သူမလက်လေး
ကိုဆုတ်ကိုင်လိုက်တယ်……. ပြီးတော့……………..

ကျွန်တော်ရင်တွေ အတိုင်းအစမဲ့ ခုန်နေတယ်…….ပြီးတော့ ကျွန်တော်
ခေါ်လိုက်တယ် “ချစ်လေး…………..” သူမ လက်လေး အသာလေးဖယ်ပြီး ကျွန်တော့ကို
ကြည့်တယ်……. မျက်ဝန်းမှာလဲ မျက်ရည်တွေနဲ့……… ပြီးတော့ “ကိုကို……….”
ဆိုပြီး ကျွန်တော် သူမကို ရင်ခွင်ထဲကိုဆွဲပြီး ဖက်လိုက်တယ်………
သူမငိုနေတယ် ကျွန်တော်လဲ မျက်ရည်တွေ ကျနေတယ်…… ဒါပေမယ့်
ကျွန်တော့်ဘ၀မှာတော့ ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး…………….
ကျွန်တော်သိပ်ပျော်ရွှင်ခဲ့တယ်…….



သူမ ကျွန်တော့ကို သတင်းကောင်းလေး ပြောပြခဲ့တယ်……….. သူမရောဂါက
ကုသပျောက်ကင်း သွားတယ်တဲ့…….

ကျွန်တော်နဲ့ သူမရဲ့ ချစ်အိမ်လေးမှာတော့……. သစ္စာပန်းလေးတွေ
စိုက်ပျိုးခဲ့တယ်… အေးချမ်း နွေးထွေးတဲ့ မိသားစုဘ၀လေးကို
ပိုင်ဆိုင်နိုင်ခဲ့တယ်…… သစ္စာပန်းလေးတွေက သစ္စာရှိစွာ ဖူးပွင့်ခဲ့တဲ့
ကျွန်တော်နဲ့ သူမတို့ရဲ့ အိမ်ဂေဟာလေးကတော့………… ခုဆို ကလေးငိုသံလေးတောင်
ကြားနေရပြီလေ……။



ချစ်သူတိုင်း သစ္စာရှိစွာ ချစ်နိုင်ကြပါစေ…………..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လာလည်တဲ့အတွက်ကျေးဇူးပါ