ကျွန်တော့ဆီ လာလည်ကြသော သူငယ်ချင်းများနှင့် မိတ်ဆွေများအားလုံးကို အမြဲကြိုဆိုလျှက်ပါ..... ချွတ်ယွင်းချက်လေးများ တွေ့ ရင်လည်းအကြံညံလေးများပေးနိုင်ပါတယ်....သူငယ်ချင်းများအားလုံးကို အမြဲလေးစားလျှက်...(သူရိန်)>

Monday, August 6, 2012

ပြန်လမ်းမဲ့ ရင်ခွင် ၏ မှတ်တမ်း

Not Connected (၁)
စာရေးမည်ဟု ဆိုကာ လက်ရွယ်လိုက်တိုင်း သင့်အကြောင်းမပါသော စာသားများဖြစ်စေရန် ကြိုးစားရင်း ဘောပင် အလိုလိုလွတ်ကျခဲ့ဖူးသည်
တကယ်ဆို မမြဲမြံခဲ့သော လက်ဖ၀ါးနှခုသည် အီကြာကွေးတချောင်းစာမျှတန်ဖိုးမရှိသင့်တော့ပါ
ထို သို့ နှင့် ကျွန်တော်အတိတ်မှာနေရင်း အတိတ်ကိုမုန်း စိတ်အလို ကို ဖြုန်းတီး၍ ဘ၀ကို ကြော်လှော်ခဲ့ဖူးသည်
ဒဏ်ရာရနံ့များသာ တစစ စိုစွတ်ခဲ့ရလေတော့သည်။


Not Connected [၂]
ကျွန်တော် မငိုခဲ့ဖူးပါ ထို့ သို့ အကြိမ်ကြိမ် ၀န်ခံရင်း မျက်ရည်ကျနေခဲ့သည် တကယ်တော့ သူ့ ဖိတ်စာသည် ကျွန်တော့်ထံ ပို့ရန်မလိုအပ်ပါ
ရင်ကိုခွင်းသော နံမည်တစ်ခုသည် သူ့ အထံတွင်အမြဲတစေ ရှိနေတတ်သဖြင့် ကျွန်တော်၏သူသည် လူဖြစ်ခဲ့ဖို့ ရန်မကောင်းဟု အခါခါ ဆုတောင်းခဲ့ဖူးသည်
သို့ သော် ……….. ကြယ်ကြွေချိန်မကိုက်ခဲ့၍ မပြည့်ခဲ့သော ဆန္ဒအတုတခု သာဖြစ်တော့သည်

Not Connected (၃)
ကျွန်တော် မကမ်းသင့်သောလက်တဖက်အတွက် အက်ကွဲချောင်းတခု ဆင်မြန်းပေးးထားခဲ့သဖြင့် အထိုက်အလျောက်ငြိမ်သက်ခဲ့သည်
သို့ သော် ရပ်တန့်သွားခြင်းမဟုတ်
သူသည် ဓားသွားတလက်ဆိုလျှင် ကျွန်တော့ရင်ဘတ်အတွက်သာထက်သော ဓားတချောင်းသက်သက်ဖြစ်သည်
သူသည် စူးတချောင်းဖြစ်ပါက ကျွန်တော့် အသည်းထံတွင်သာ စိုက်သော အပ်တချောင်းဖြစ်သည်
(နှုတ်ရန်အခါခါကြိုးစားခဲ့ဖူးသည် မအောင်မြင်ပါ)

Not Connected (၄)
မနက်ခင်းတိုင်းသူ့အမည်ဖြင့်မိုးလင်း၍ သူ့အမည်ဖြင့် မိုးချုပ်တတ်သော သူအား ကျွန်တော်ဟု ခေါ်သည်
ကျွန်တော်သည် နှစ်ချို့နေသော အလွမ်းထမ်းသူတယောက်သာဖြစ်သည်

Not Connected (၅)
သူမပြန်မလာတော့သည်မှာ ကြာပြီခဲ့ဖြစ်၍ ကြာခဲ့သောကြောင့် သူပြန်လာဖို့ မလိုအပ်တော့ပါ
မျှော်လင့်ချက်များ သေဆုံးခဲ့ပြီးဖြစ်သည်

Not Connected (၆)
ရင်နင့်လမ်းခွဲသည် မချိုမြိန်ခဲ့ပါ သစ္စာစကားဖြင့် လူဖြစ်ခဲ့သောသူသည် သစ္စာစကားကြောင့်ပဲ ကျွန်တော်ဘ၀ထက်မှခုန်ဆင်းပြေးထွက်သွားခဲ့သည်
အပြစ်တင်ခြင်းကင်းခဲ့သော်လည်း
သူ့ အား ကျွန်တော် အဆုံးစွန်ထိ မုန်းတီးပြစ်ဖို့  အနာဂတ်ကို ခ၀ါချပြစ်ခဲ့သည်
သူ ပျော် ရွှင် သွား လိမ့် မည် ဟု တရားဝင်သတ်မှတ်လိုက်သည်

Not Connected (၇)
သူလက်ထပ်တော့မည် …………………………………. ကျွန်တော်မသိချင်ယောင်ဆောင်၍ ပြုံးနေခဲ့သည်
အတော်ခက်ခဲသော နေ့ရက်များ ဖြစ်ခဲ့သည် သို့ သော် DIARY တွင် မရေးခြစ်ဖြစ်ခဲ့ပါ

Connected(၀)
ငါ နင့်ကို မလွမ်းတော့သောကြောင့် နင် ငါ့ဘ၀ထဲမှာ မရှိတော့ ဘူးဖြစ်တယ်  သူစိမ်း
နင့်လက်ထပ်ပွဲဟာ ငါ့မျက်ရည်တစက်နဲ့မျှ မတန်တဲ့အတွက် ငါ့ထံ ….ဖိတ်စာပို့ ရန်မလိုအပ်ပါ
ဆု ….. တောင်းပေးနိုင်ဖို့ လည်း မျှော်လင့်ဖို့ မလိုပါ
သူစိမ်းရေ…..နင် ..ငါ့ဘ၀ထဲမှာ ခြေချစရာတနေရာမျှ မသိမ်းပိုက်ပဲ ထွက်ခွာသွားလိုက်ပါတော့
နင့်ကို ငါ အခါခါ အထပ်ထပ် မုန်း တတ်ခဲ့ပြီ

Not Connected (၈)
ကျွန်တော့်တွင် မနက်ခင်း မရှိတော့ပါ ..ညချမ်း မလိုအပ်တော့ပါ
နိုးထရန်အလွန်ခက်ခဲ့သော လပိုင်းများအတွင်း အသားအရည်များ ဆုတ်ယုတ်လို့ နွမ်းဖတ်လျော့ရဲ  နေပြီးဖြစ်သည်
သွေးသားများမရှိတော့ သလို ခံစားမှုတွေနဲ့ စာများ….မရေးနိုင်တော့ပါ
ပျော်နေချင်ယောင်ဆောင်တတ်ခဲ့သည် အစားအစာများချို့ယွင်းခဲ့သည်
အလွန်အမင်း ခံပြင်းနာကျဉ်းမှုတို့ ဖြင့် လူဝင်မဆံ့တော့သော ခပ်ကြောင်ကြောင် အမျိုးသမီးတဦးဖြစ်ခဲ့သည်

Not Connected (၉)
သူစိမ်းအတွက် နိုးထခဲ့ဖူးသော ကျွန်တော် မနက်ခင်းများ ထပ်မံမလိုအပ်တော့သဖြင့်
သေ
ဆုံး
ခဲ့ပြီးဖြစ်သည်။

Not Connected (၁၀)
အလွန်ရက်စက်သော ထိုသူစိမ်းအား ကျွန်တော် သိပ်ချစ်ခဲ့သည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လာလည်တဲ့အတွက်ကျေးဇူးပါ