ကျွန်တော့ဆီ လာလည်ကြသော သူငယ်ချင်းများနှင့် မိတ်ဆွေများအားလုံးကို အမြဲကြိုဆိုလျှက်ပါ..... ချွတ်ယွင်းချက်လေးများ တွေ့ ရင်လည်းအကြံညံလေးများပေးနိုင်ပါတယ်....သူငယ်ချင်းများအားလုံးကို အမြဲလေးစားလျှက်...(သူရိန်)>
Showing posts with label ကဗျာကဏ္ဍ. Show all posts
Showing posts with label ကဗျာကဏ္ဍ. Show all posts

Thursday, December 27, 2012

ချစ်သောညီမလေးသိပါစေ

 

Monday, August 27, 2012

လွမ်းခွင့်



လွမ်းတယ် ချစ်သူ
မင်း ရင်ထဲမှာ ကိုယ်မရှိတော့ပေမဲ့
ကိုယ်ရင်ထဲက နှလုံးတစ်ထောင့်မှာ
တရားဝင် ချစ်သူမဟုတ်တော့တဲ့
ကိုယ့် အချစ်တွေက
မင်းကို ချစ်နေဆဲလတ်ဆတ်နေဆဲမို့ပါ
မင်းနှလုံးသားမှာ  ကိုယ့်အတွက်
အတိတ်မရှိတော့ပေမဲ့
ကိုယ့် နှလုံးသားမှာ
မင်း  အရိပ်တွေဆိုမိုးဆဲလေ
မင်း နဲ့ဆုံရင်
မင်း စကားလေးတွေ
မင်း အပြောလေးတွေကို
ကြေကွဲစွာမျက်ရည်ကျမိပေမဲ့
မျက်ရည်ကြားကကျေနပ်ပိတိဖြစ်နေတုန်းပါ
ကိုယ် မသိလိုက်တဲ့အချိန်မှာ
ကိုယ့် အချစ်တွေအကုန်လုံး
မင်း ပိုင်သွားတယ်ကွာ
ပြန်သိပ်းခွင့်ရခဲ့ပေမဲ့
ကိုယ့် ပြန်မသိပ်းနိုင်ခဲ့ဘူးနော်
လမ်းခွဲသွားတဲ့ မင်းနိုင်ပါတယ်
မင်းပျော်နေတယ်ဆိုရင်
ကိုယ်ကျေနပ်နေပါတယ်
လွမ်းခွင့်လေးပိုင်ဆိုင်ရလိုပေါ့

Related Posts Plugin for WordPress, Blogger...
လာလည်တဲ့အတွက်ကျေးဇူးပါ