ကျွန်တော့ဆီ လာလည်ကြသော သူငယ်ချင်းများနှင့် မိတ်ဆွေများအားလုံးကို အမြဲကြိုဆိုလျှက်ပါ..... ချွတ်ယွင်းချက်လေးများ တွေ့ ရင်လည်းအကြံညံလေးများပေးနိုင်ပါတယ်....သူငယ်ချင်းများအားလုံးကို အမြဲလေးစားလျှက်...(သူရိန်)>
Showing posts with label ဟာသကြိုက်သူများသို့. Show all posts
Showing posts with label ဟာသကြိုက်သူများသို့. Show all posts

Tuesday, September 4, 2012

ဟာသကြိုက်သူများသို့

သက်သေပြမလို့..

စုတ်ပြတ်နုံချာလှသော အ၀တ်အစားများ ၀တ်ဆင်ထားသူတစ်ဦးသည် လမ်းသွားလမ်းလာများထံမှ တောင်းရမ်းလျှက်ရှိသည်။

ထိုနေရာသို့ သားနားသပ်ရပ်စွာ ၀တ်ဆင်ထားသော လူတစ်ဦးလမ်းလျှောက်လာရာ.....

“အကိုကြီးရယ်.. ကျွန်တော့်မှာစားစရာမရှိလို့ စေတနာရှိသလောက်လေး မစပါခင်ဗျာ”

“မပေးးနိုင်ပါဘူး။ မင်းကို ငွေပေးလိုက်ရင် မင်းဖဲရိုက်လို့ ကုန်သွားမှာပေါ့”

“ကျွန်တော်လောင်းကစား မလုပ်ပါဘူး”

“အရက်သောက်ပစ်မှာပေါ့”


“အရက်လည်းမသောက်တတ်ပါဘူး”

“ဒါဆို မင်းမကောင်းတဲ့မိန်းမတွေဆီ သွားမှာပေါ့”

“ကျွန်တော် အပျော်အပါးလည်း မလိုက်ပါဘူး”

“ok ဒါဆို မင်းကို ငွေ(၅၀၀၀)ပေးမယ်။ မင်းငါ့အိမ်ခဏလိုက်ခဲ့။ အပျော်အပါး အသောက်အစားနဲ့ လောင်းကစားမလုပ်တဲ့ ယောင်္ကျားတွေ ဘယ်လိုဘ၀ရောက်နေတယ်ဆိုတာ ငါ့မိန်းမကိုပြရမယ်”

Saturday, August 18, 2012

မအောင့်နိုင်လို့

                                             ဖတ်ပီးရင်မရယ်ကြေးနော်
ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊ ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။

လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။”
Related Posts Plugin for WordPress, Blogger...
လာလည်တဲ့အတွက်ကျေးဇူးပါ